နေပြည်တော်   ဇွန်   ၁၆

 

ဆိုင်ကလုန်းမုန်တိုင်း       မိုခါ (MOCHA)  ဖြတ်သန်းတိုက်ခတ်မှု ကြောင့်    ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ      မုန်တိုင်းဒဏ်သင့် ပြည်သူများအား    လိုအပ်သော ပစ္စည်းများ     ကူညီထောက်ပံ့ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ    ထောက်ပံ့ရေးရေယာဉ်တစ်စင်းသည်  မိုးကာတဲ ၁၀၅ လုံး၊ စားသောက် ဖွယ်ရာမျိုးစုံ   အိတ် ၁၅၀၀၊ ဆေးဝါးမျိုးစုံ  ၅၃၄ ပုံး၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ စားသုံးဆီဘူးများ    ပါဝင်သော စက္ကူဖာ   ၂၄၅၀၊   အချိုရည်   ၄၆  ကတ် စုစုပေါင်း ကုန်တန်ချိန် ၁၃၀  အား ရန်ကုန်မြို့၌    တင်ဆောင်၍ စစ်တွေမြို့သို့ ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာခဲ့သည်။

 

အဆိုပါ  စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့်   ကယ်ဆယ်ရေးပစ္စည်း များအား တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း    သတင်းရရှိသည်။

သတင်းစဉ်