နေပြည်တော် ဇွန် ၁၈

CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ (၂/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် ဆပ်ကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ထားရှိမှု၊ စက်မှုဇုန်အလိုက် လုပ်ငန်းဆောင်ရွက်နေသည့် CMP ကုမ္ပဏီများ၏ ပို့ကုန်သွင်းကုန် ပို့ကုန်လုပ်ငန်းဆောင်ရွက်မှု၊ CMP လုပ်ငန်းအတွက် တင်ပို့၊ တင်သွင်းသော ကုမ္ပဏီအရေအတွက် ပြောင်းလဲမှု၊ တင်သွင်းတင်ပို့မှု စာရင်းများအရ တိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေ၊ CMP လုပ်ငန်းများအား မြေပြင်ကွင်းဆင်း စစ် ဆေးတွေ့ရှိမှု အခြေအနေများအရ သက်ဆိုင်ရာလုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်နိုင်စေ ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ CMP စနစ်ဖြင့် ဆေးဝါးထုတ်လုပ်တင်ပို့ခြင်း လုပ်ငန်းဆောင်ရွက်မည့်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍  ဆွေးနွေးကြသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ဆပ်ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာများမှ အရာရှိကြီးများ၊ ကုန် သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်၊ CMP နှင့်ဆက်စပ်သည့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များ၊ CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်