နေပြည်တော် ဇွန် ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် စစ်တွေ တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်၊ ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများနှင့် စစ်တွေတက္ကသိုလ်ရှိ အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ပညာ ရေးအဆောက်အအုံများ ပြန်လည်ပြင်ဆင်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် များနှင့်အညီ ဦးစားပေး အဆင့်အလိုက် သတ်မှတ်ထားသည့် အရည်အသွေးဖြင့် အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တွင် လက်ရှိဖွင့်လှစ် သင်ကြား နေသည့် အတန်းများအပြင် ကျန်ရှိသည့်အတန်းများ ဆက်လက်ဖွင့်လှစ် နိုင်ရေးအတွက် စာသင်ဆောင်၊ ဆရာဆောင်၊ ကျောင်းသားဆောင်များကို ဦးစားပေး အဆင့်အလိုက် ဆက် လက်ပြုပြင်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို  အလျင်အမြန် ဖြည့်ဆည်းပေးနိုင်ရေး တင်ပြပေးကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကျောင်း သားကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်း အပြည့်အဝ ရရှိရေးအတွက် အားလုံး ညီညီ ညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ရှိ ရွာဂေါင်းရွာသစ် အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်တော်သာရပ်ကွက် အမှတ်(၁၅)အခြေခံပညာမူလတန်းလွန်ကျောင်း၊ အလက(၅) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် အနောက်စံပြ အခြေခံပညာ မူလတန်း ကျောင်းတို့သို့ သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ် ဆေးကာ လိုအပ်သည် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်