ဇွန် ၁၉
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုခရိုင်တွင် မြို့တွင်းပြေးဆွဲသောခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင်ကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိမှုကြောင့် လူငါးဦးသေဆုံးခဲ့သည်။
ရဲတပ်ဖွဲ့က ထိုယာဉ်တိုက်မှုကိုစုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိရာ ထိုကုန်တင်ကား လမ်းသွယ်ထဲသို့ ရုတ်တရက် ကွေ့ဝင်သွားပြီးနောက် ဘတ်စ်ကားနှင့်တိုက်မိသည်ဟု ယူဆထားသည်။
အဆိုပါယာဉ်မတော်တဆမှုသည် ယာကူမိုမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုဘတ်စ်ကားပေါ်တွင် ခရီးသည် ၁၅ ဦးလိုက်ပါလာကြောင်းနှင့် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူများတွင် အသက် ၆၀ အရွယ် ယာဉ်မောင်းနှစ်ဦးအပါအဝင် အသက် ၅၀ အရွယ် အမျိုးသမီးနှစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ပါဝင်ကြောင်း ဖော်ပြထားသည်။
ကုန်တင်ကားပေါ်တွင် ဝက်များတင်ဆောင်လာကြောင်းနှင့် ဘတ်စ်ကားသည် ဆပ်ပိုရိုမြို့မှ ဟာကိုဒေ့မြို့သို့ ဉီးတည်မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို