ဇွန် ၁၉

 

နီပေါနိုင်ငံအရှေ့ပိုင်း ဆန်ခူဝါဆာဟာခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ တစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ယမန်နေ့က ပြောကြားသည်။

 

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန်လ ၁၇ ရက်ညပိုင်းက ဟီဝါခိုလာမြစ်ရေကြီးမှုများဖြစ်ပေါ်လာရာ သုံးဦးအထက် ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ဘီရန်ဒရာဂိုဒါက ပြောကြားသည်။

 

တည်ဆောက်နေဆဲဖြစ်သောဟီဝါခိုလာရေအားလျှပ်စစ်စက်ရုံတွင် လူ ၁၈ ဦး အလုပ်လုပ်ကိုင်လျက်ရှိကြောင်းနှင့် ထိုစက်ရုံသည် ရေကြီးရေလျှံမှုတွင် နစ်မြုပ်သွားခဲ့ပြီး ဆိုးရွားစွာပျက်စီးသွားသည်ဟု  ဂိုဒါကဆိုသည်။

 

ထိုရေကြီးရေလျှံမှုကြောင့် အချို့သောနေအိမ်များ၊ မွေးမြူရေးတိရစ္ဆာန်အချို့နှင့် တံတားနှစ်စင်းတို့ ရေစီးနှင့်အတူမျောပါသွားကြောင်း ၎င်းကပြောကြားသည်။ ဇွန်လ ၁၈ ရက်မနက်ပိုင်းအထိ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနေသဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် အခက်အခဲများရှိကြောင်း ဖော်ပြထားသည်။

 

နီပေါနိုင်ငံတွင် မုတ်သုံရာသီဉတုသည် နှစ်စဉ် ဇွန်လလယ်လောက်တွင် စတင်လေ့ရှိသဖြင့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုတို့ကြောင့် လူများသေဆုံးခြင်းနှင့် အဆောက်အဦများ ပျက်စီးခြင်းတို့ဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို