ပေါက်ခေါင်း ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းသီးနှံများကို မေလလယ်ခန့်မှ စတင်စိုက်ပျိုးထားရှိရာ ယခုအခါ မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ပေါက်ခေါင်းမြို့နယ်တွင် မိုခါမုန်တိုင်း၏အရှိန်ဖြင့် မေလလယ်ခန့်က ရွာသွန်းခဲ့သည့် မိုးရေအစိုဓာတ်ဖြင့် မိုးသီးနှံနှမ်းကို ထွန်ယက်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပေါင်းထိုးခြင်း၊ ပေါင်းမြက်များ နှိမ်နင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်မိုးရာသီတွင် မိုးနှမ်းစိုက်ပျိုးရန် ၃၈၀၄၆ ဧက လျာထားဆောင်ရွက်ထားပြီး ဇွန် ၁၅ ရက်အထိ ၅၁၁၈ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)