လိပ်သို ဇွန် ၂၀

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းနေပြီဖြစ်သောကြောင့် ဒေသခံ တောင်သူများသည် မိုးစပါးစိုက်ပျိုးနိုင်ရန် လယ်ယာလုပ်ငန်းခွင်များကို ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

 

ဒေသခံများ၏ လယ်ယာမြေများမှာ တောင်ကုန်းတောင်တန်း၊ တောင်ကြိုတောင်ကြားများအကြားတွင် တည်ရှိသောကြောင့် မိုးစတင်ရွာသွန်းချိန်မှ စတင်ကာ တောင်ကုန်းများမှ စီးဆင်းလာသော မိုးရေများ မိမိတို့၏ လယ်ယာမြေများသို့ ရာနှုန်းပြည့် စီးဝင်စေရန် ရေဆည်တာတမံငယ်များ ပြုလုပ်ခြင်း၊ ရေသွယ်မြောင်းများ ဖောက်လုပ်ပြုပြင်ခြင်းတို့ကို ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ပေါင်းသင်ခြင်း၊ ကန်သင်းပြုပြင်ခြင်း၊ ထယ်ထိုးထယ်လှန်ခြင်း၊ ပျိုးထောင်ပျိုးကြဲခြင်းများကို လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

 

ခင်လေးနွယ်(လိပ်သို)