နေပြည်တော် ဇွန် ၂၀
ပြည်ထဲရေးဝန်ကြီးဌာန ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ အရာရှိကြီးများနှင့်ဇနီးများ၊ အကဲဖြတ်ဒိုင် လူကြီးများနှင့် ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ယခုကဲသို့ ဓမ္မစကြာနှင့် အနတ္တ လက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲ ယှဉ်ပြိုင်ပူဇော်ရခြင်း၏ ရည်ရွယ်ချက်မှာ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်တို့ကို ပါဠိ၊ ပါဌ်သား၊ အသံထွက်မှန်မှန်နှင့် ကြည်ညိုဖွယ် ရာ ပူဇော်တတ်စေရန် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲကျင်းပရခြင်း၊ ရွတ်ဆိုပူဇော်ရခြင်း သည် လောကီလောကုတ္တရာ နှစ်ဖြာအတွက် များစွာအကျိုးများသဖြင့် ကိုယ်အား၊ ဉာဏ် အား၊ သက်ဝင်ယုံကြည်မှု အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း မှာကြားပြီး ပြိုင်ပွဲဝင် ဝတ်ရွက်အသင်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
အဆိုပါ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့၏ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဝတ်ရွတ်အသင်းများမှ ဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုများ ပါဝင်ရွတ်ဖတ်ပူဇော် ပြိုင်ပွဲဝင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇွန် ၂၀ ရက်မှ ဇူလိုင် ၁၂ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်