နေပြည်တော် ဇွန် ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးစိုးဦးနှင့် ဦးအောင်မိုးမြင့် တို့သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် ဇွန် ၉ ရက်က မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဇေယျဌာနီလမ်းနှင့် ပန်းခင်းလမ်းထောင့် (ဘဲကုန်းမီးပွိုင့်အနီး) စကြ်ာဒီပခြံတွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော အမျိုးသားနိုင်ငံရေးဒီမိုကရက် တစ်ပါတီ[Democratic Party of National Politics(DNP)]ဌာနချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယနေ့တွင် ပါတီဌာနချုပ်၌တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုသည်။

တွေ့ဆုံစဉ် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ[Democratic Party of National Politics(DNP)] ဥက္ကဋ္ဌ ဦးစိုးမောင် က ပါတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက အမျိုးသားနိုင်ငံရေး ဒီမို ကရက်တစ်ပါတီ[Democratic Party of National Politics(DNP)]  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား ၁၀၀၀၀၀ ပြည့်မီရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်၌ ပါတီရုံးခန်း ဖွင့်လှစ် ရန်၊ ပါတီဆိုင်းဘုတ်တင်ခြင်းနှင့် ပါတီအလံလွှင့်ထူခြင်းများကို သတ်မှတ်ညွှန်ကြားချက်နှင့် အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားရန်၊ ပါတီ၏ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ရေးဆွဲဆောင်ရွက်သွားရန် ပြောကြားရာ ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်