နေပြည်တော် ဇွန် ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာရန်ပုံငွေများ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ  ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က အမှာစကားပြောကြားပြီး နေပြည်တော်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးမျိုး က စီမံကိန်းရန်ပုံငွေလွှဲပြောင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ(၁၅)ရွာအတွက် ခွင့်ပြုငွေကျပ် သန်း(၄၁၀)ကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာကိုယ်စားလှယ် နှစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ (၄၆)ရွာအတွက် ခွင့်ပြုငွေကျပ် သန်း(၆၉၀)နှင့် ကျေးလက်စီး ပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းကျေးရွာ(၄)ရွာအတွက် ခွင့်ပြုငွေကျပ်သန်း (၁၅၀)တို့ကို  လွှဲပြောင်းပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်များက လက်ခံရယူကြသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ကန်တော်မင်္ဂလာ ခန်းမ၌ ကျင်းပသည့် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်တူးဖော်ခြင်း၊ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည့်လုပ်ငန်းများကို မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ ပြည်သူလူထုများနှင့် တွေ့ဆုံရှင်း လင်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင်  နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကိုကိုနိုင် က ကန်တော်မင်္ဂလာရှမ်းကန် သဲနှုန်းတူးဖော်ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ မြို့မိမြို့ဖ ဦးလှမြင့် နှင့် ဦးပြည့်ဖြိုးအောင် တို့က ကန်တော်မင်္ဂလာရှမ်းကန်အတွင်းရှိ ရေလယ်ဘုရားကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင် တည်ဆောက်ရေးလုပ်ငန်းများကို လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကန်တော်မင်္ဂလာရှမ်းကန်ကို သာယာလှပ၍ အများပြည်သူလာရောက်အပန်းဖြေ အနားယူနိုင်သည့် ပျဉ်းမနားမြို့၏ အထင်ကရနေရာတစ်ခုအဖြစ် ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယခုလိုရေကန်ပြန်လည်တူးဖော်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ရေလယ်ဘုရားကျောင်းဆောင်များ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Green City ၊Clean City ၊ Smart City အဖြစ် ဆောင်ရွက် လျက်ရှိရာတွင် ပျဉ်းမနားမြို့၏ ကျက်သရေဆောင် ကန်တော်မင်္ဂလာရှမ်းကန်ကြီးကို သန့်ရှင်း သာယာလှပပြီး အများပြည်သူ စိတ်လက်အပန်းဖြေ နားနေရာတစ်ခုအဖြစ် ထာဝရတည်ရှိနေန် အတွက်ပြည်သူလူထုကလည်း ဝိုင်းဝန်းလှူဒါန်းပြီး ထိန်းသိမ်းစောင့်ရှောက် ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၀၀၀ကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ကိုယ်စားလှူဒါန်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများက  လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်