မြို့သစ် ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ် မဲခေါင်-လန်ချန်း အထူးစီမံကိန်း နွေနှမ်းသုတေသနပြုစမ်းသပ်ကွက်၊ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို မြို့သစ်မြို့နယ် မြေပြင်သာ ကျေးရွာအုပ်စု၊ သန်းကုန်းကျေးရွာ၊ နေပြည်တော်-မြို့သစ်-ကံပြား-မကွေး ကားလမ်းဘေး မိုင် တိုင်အမှတ်(၄၅/၅)တွင် ဇွန် ၂၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မဲခေါင်-လန်ချန်းအထူး စီမံကိန်း နွေနှမ်းသုတေသနပြု စမ်းသပ်ကွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများသည် ဘောင်စနစ်ဖြင့် ပျိုးထောင်ပြသထားသည့် နွေနှမ်းစိုက်ခင်းအား ကြည့်ရှုလေ့လာခဲ့ကြသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)