လားရှိုး ဇွန် ၂၁

 

အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်များအား ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ပွဲကို ဇွန် ၂၁ ရက် နံနက်ပိုင်းက လားရှိုး မြို့မရဲစခန်းတွင် ကျင်းပရာ လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုး တက်ရောက်ပြီး ပျောက်ဆုံးဆိုင်ကယ်များ၊ လုယက်ခံရသည့် ဆိုင်ကယ်များအား ဖမ်းဆီးရမိမှု အခြေအနေ၊ လားရှိုးမြို့မရဲစခန်းမှူး ဒုတိယရဲမှူးဝင်းနိုင်က အမှုဖြစ်စဉ်နှင့် သက်သေခံပစ္စည်း ဆိုင်ကယ်များကို သိမ်းဆည်းရမိခဲ့သည့်  အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆိုင်ကယ်ပိုင်ရှင်များထံ ဆိုင်ကယ်များကို ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ပျောက်ဆုံးဆိုင်ကယ်များနှင့် လုယက်ခံခဲ့ရသည့်ဆိုင်ကယ်များအား လက်ခံရရှိသူများ ကိုယ်စား ဆိုင်ကယ် ပိုင်ရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ပျောက်ဆုံးဆိုင်ကယ်များနှင့် လုယက်ခံခဲ့ရသည့် ဆိုင်ကယ်အမှုဖြစ်စဉ်များမှ သက်သေခံပစ္စည်းများအား ပြန်လည်ပေးအပ်ခဲ့သည့် ဆိုင်ကယ်မှာ ၄၆ စီးဖြစ်ကြောင်း သိရသည်။

 

စိုင်းထွန်း(လားရှိုး)