ဇွန် ၂၁

 

မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် မွေးမြူရေးတိရစ္ဆာန်ကောင်ရေ စုစုပေါင်း ၃ ဒသမ ၆ သန်း သေဆုံးကြောင်း ဖော်ပြထားသည်။

 

အဆိုပါမွေးမြူရေးတိရစ္ဆာန်များသေဆုံးမှုသည် လွန်ခဲ့သောနှစ်ကထက် ၁၉ ဒသမ ၂ ဆပိုမိုများပြားသည်ဟု အမျိုးသားစာရင်းအင်းရုံးက ယမန်နေ့က ပြောကြားသည်။

 

နှင်းမုန်တိုင်းနှင့် ဖုန်မုန်တိုင်းများကဲ့သို့သော ရာသီဥတုဆိုးရွားမှုကြောင့် သေဆုံးတိရစ္ဆာန်များ၏ ၈၆ ရာခိုင်နှုန်းကျော်သည် ဆိတ်နှင့်သိုးကောင်ရေများဖြစ်သည်ဟု ၎င်းရုံးကဆိုသည်။

 

၂၀၂၂ နှစ်ကုန်ပိုင်းတွင် မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၇၁ ဒသမ ၁ သန်းရှိသည်ဟု ထိုအေဂျင်စီကဆိုသည်။

 

ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော မွန်ဂိုလီးယားနိုင်ငံတွင် မွေးမြူရေလုပ်ငန်းသည် နိုင်ငံ၏မဏ္ဍိုင်လုပ်ငန်းများအနက် တစ်ခုဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို