ဇွန် ၂၁
သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၀၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရှိ အမျိုးသားသွေးလွန်တုပ်ကွေး ကာကွယ်ရေးအဖွဲ့၏ ကိန်းဂဏန်းဖော်ပြချက်အရ သိရသည်။
နိုင်ငံတစ်ဝန်း အထူးသဖြင့် သွေးလွန်တုပ်ကွေးကူးစက်မှုအများဆုံးဖြစ်သော အနောက်ပိုင်းပြည်နယ်တွင် ထိုရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် ပုံမှန်စစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း ယမန်နေ့ကဖော်ပြထားသည်။
စာသင်ကျောင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စက်ရုံများ၊ ပုဂ္ဂလိကနှင့်အစိုးရအဖွဲ့အစည်းများတွင် ရောဂါကာကွယ်ရေးပုံမှန်စစ်ဆေးမှုများလုပ်ဆောင်ရန် သီတင်းပတ်များ သီးခြားသတ်မှတ်ထားသည်ဟု သိရသည်။
သီရိလင်္ကာနိုင်ငံတွင် လူဦးရေအများဆုံးဒေသဖြစ်သော အနောက်ပိုင်းပြည်နယ်တွင် ထိုရောဂါဖြစ်ပွားမှုအရေအတွက် အမြင့်မားဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားမှုမြင့်မားသည့်ဒေသ ၆၇ ခုရှိကြောင်း ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၆၀၀၀ ကျော်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို