မြဝတီ ဇွန် ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း စားသောက်ကုန်များအား စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများအား စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ဇွန် ၂၄ ရက်က မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဘိုးရာဇာလမ်းတွင် အခွန်လွတ်စျေးအဖြစ် စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခွန်လွတ်စျေးတွင် စျေးရောင်းချနေမှုများအား မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ပြီး သားငါး၊ ဟင်းသီးဟင်းရွက်အစုံနှင့် အခြား စားသောက်ကုန်များအား ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကာ အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်များအတွင်း လှည့်လည်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)