ဇွန် ၂၆

 

ဂျပန်နိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း သေဆုံးသူပေါင်း ၁ ဒသမ ၅၆ သန်းကျော်ရှိရာ ပြီးခဲ့သည့်နှစ်က သေဆုံးသူပေါင်း၏ ကိုးရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ၂၀၂၁ ခုနှစ် သေဆုံးသူအရေအတွက် ၁၂၉၀၀၀ ရှိပြီး ၂၀၂၂ ခုနှစ်အတွင်း  သေဆုံးသူအရေအတွက် ၁၅၆၈၉၆၁ ရှိသဖြင့်  ၂၀၂၁ ခုနှစ် သေဆုံးမှုမှ ၈ ဒသမ ၉ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း  ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

၂၀၂၂ ခုနှစ်အတွင်း ကင်ဆာရောဂါဖြင့် သေဆုံးသူအရေအတွက် ၃၈၆၀၀၀ နီးပါးရှိရာ သေဆုံးသူပေါင်း၏ ၂၄ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး နှလုံးရောဂါဖြင့်သေဆုံးသူအရေအတွက် ၂၃၃၀၀၀ ခန့်ရှိရာ သေဆုံးသူပေါင်း၏ ၁၄ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

 

အခြားသောသဘာဝအကြောင်းတရားများကြောင့် သေဆုံးသူ ၁၈၀၀၀၀ နီးပါးရှိရာ လွန်ခဲ့သောနှစ်က သေဆုံးသူ ၂၇၀၀၀ ရှိသည်ထက် ပိုမိုများပြားခဲ့သည်။

 

လွန်ခဲ့သောနှစ်က ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် လူပေါင်း ၄၇၆၃၅ ဦး သေဆုံးခဲ့ကြောင်းဖော်ပြထားသည်။

 

ဂျပန်နိုင်ငံတွင် နှစ်စဉ်သေဆုံးမှုဆက်လက်မြင့်မားလာဖွယ်ရှိရာ ၂၀၄၀ ခုနှစ်တွင်  ၁ ဒသမ ၆၇ သန်းရှိမည်ဟု လူဦးရေနှင့်လူမှုလုံခြုံရေးအမျိုးသားသုတေသနအဖွဲ့အစည်းက ခန့်မှန်းထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို