ဇွန် ၂၇

 

ဖိလစ်ပိုင်အစိုးရက နိုင်ငံတောင်ပိုင်းရှိမြို့များတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သဖြင့်  လူပေါင်း ၉၂၃၁၉ ဦး ထက်မနည်းအား ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့သည်ဟု အစိုးရအေဂျင်စီက ယမန်နေ့က ပြောကြားသည်။

 

ဆာရန်ဂါနီပြည်နယ်ရှိ ဂလန်နှင့် ကိုတာဘာတိုပြည်နယ်ရှိ ကာဘာကန်နှင့်ပစ်ကစ်တို့တွင် သီတင်းပတ်ရှည် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသောကြောင့် မိသားစု ၁၉၁၂၄  ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးမှုဌာနက ပြောကြားသည်။

 

ထိုပြည်နယ်အတွင်း ဂလန်မြို့ရှိ ယာယီခိုလှုံရေးစခန်းတွင် ရောက်ရှိနေသော ရေဘေးသင့် မိသားစု ၂၅၁ စုအား ဒေသတွင်းအစိုးရက အစားအစာကဲ့သို့သော ကယ်ဆယ်ရေးရိက္ခာ၊ ပစ္စည်းများဝေငှပေးအပ်ခဲ့သည်ဟု သိရသည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို