ဒဂုံမြောက် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၌ အလှူရှင်တစ်ဦးက မှတ်တမ်းဓါတ်ပုံ (၂)ပုံကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ လှူဒါန်းသော မှတ်တမ်းဓာတ်ပုံ (၂)ပုံမှာ ၁၉၆၀-၆၁ မြန်မာနိုင်ငံ အမြတ်တော်ခွန်ဝန်ထမ်းအသင်း ဧကဒသမကြိမ်မြောက် နှစ်ပတ်လည်ညီလာခံတွင် ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံများဖြစ်ပြီး အမှတ်(၉၈၈-၉၈၉)၊ အနော်ရထာလမ်း၊ (၃၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နေထိုင်သော ဒေါ်ခင်မြင့်မှ လှူဒါန်းခြင်းဖြစ်ကြောင်း၊ အဆိုပါ မှတ်တမ်းဓာတ်ပုံအား အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီသန်းမှ လက်ခံရယူ၍ အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြင့်မြင့်ရီ