မိုင်းယု ဇူလိုင် ၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကုန်စုံဆိုင်နှင့် ဈေးဆိုင်များ လုပ်ငန်းလိုင်စင် ဆောင်ရွက်ထားခြင်းနှင့် သက်တမ်းတိုးထားခြင်း ရှိ/မရှိကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက လိုက်လံစစ်ဆေးကြသည်။

 

စစ်ဆေးရာတွင် မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူး၊ နယ်မြေခံစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်း၊ မြို့စည်ပင်သာယာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့က စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အခြားလုပ်ငန်းများအား မြို့စည်ပင်သာယာရေးဌာနမှ ခွင့်ပြုချက်ဖြင့် ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်များ ဆောင်ရွက်ထားခြင်း၊ သက်တမ်းတိုးထားခြင်း ရှိ/မရှိနှင့် အသစ်လျှောက်ထား လိုသူများက အထောက်အထားအပြည့်စုံဖြင့် လျှောက်ထားနိုင်ရေးတို့ကို လိုက်လံစိစစ်စစ်ဆေးခဲ့ကြသည်။

 

ကိုကိုနိုင်