မောက်မယ် ဇူလိုင် ၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် သက်ကြီးဘိုးဘွားများတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား (၆၁)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၁၈၃၀၀၀၀ အား ဘိုးဘွားများ၏ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

 

စိုင်းမျိုးသန့်(မောက်မယ်)