နေပြည်တော်    ဇူလိုင်    ၇

 

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေး သင့်ဒေသများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနနှင့်    မြန်မာသံရုံးများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ မိတ်ဖက်နိုင်ငံခြား ကုမ္ပဏီများမှ လှူဒါန်းငွေများနှင့် ဆေးဝါးများ  ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန(DMC)တွင်  ယနေ့မွန်းလွဲ   ၃  နာရီက ကျင်းပသည်။

 

 အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ သက်သက်ခိုင်၊     နိုင်ငံခြားရေးဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊   လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်၊    ညွှန်ကြားရေးမှူးချုပ်များနှင့်     တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆက်လက်လှူဒါန်းမည်

အခမ်းအနားတွင်  နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လှူဒါန်းရခြင်းနှင့်    စပ်လျဉ်း၍ ယနေ့လှူဒါန်းမှုမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊  အပြည်ပြည်ဆိုင်ရာ ပူးပေါင်း   ဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊  မြန်မာ    အမြဲတမ်းကိုယ်စားလှယ်ရုံးတို့မှ  ဝန်ထမ်းများက လှူဒါန်းသည့်   နိုင်ငံခြားငွေရှစ်မျိုးနှင့် ညီမျှသည့် မြန်မာကျပ်ငွေ ၇၂၄၅၄၇၀၀ နှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၊  ကုမ္ပဏီများနှင့်   အဖွဲ့အစည်းများက လှူဒါန်း သည့်    နိုင်ငံခြားငွေ   ငါးမျိုးနှင့် ညီမျှသည့်       မြန်မာကျပ်ငွေ ၆၁၄၇၃၄၀၀ စုစုပေါင်း ငွေကျပ် ၁၃၃၉၂၈၁၀၀ နှင့် အိန္ဒိယရူပီး ၁၁၉၃၉၈၇ ဒသမ ၂၀ နှင့် ညီမျှသည့် မြန်မာငွေကျပ်   ၂၉၈၄၉၆၈၀ တန်ဖိုးရှိ      ဆေးဝါးများဖြစ်ပါ ကြောင်း    ဆက်လက်၍လည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးဇူး တင်စကား  ပြန်လည်ပြောကြားရာတွင်   မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးအတွက်  နိုင်ငံတကာအသိုင်း အဝိုင်းများမှ    လှူဒါန်းထောက်ပံ့ လျက်ရှိရာ   အာဆီယံလူသားချင်း စာနာ        ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန(AHA Centre)   အပါအဝင် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနိုင်ငံ အစိုးရများနှင့်      ပြည်သူများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ လှူဒါန်းပစ္စည်းများကို တပ်မတော်၊  ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ရေယာဉ်၊ လေယာဉ် များဖြင့်  စစ်တွေမြို့သို့  အမြန်ဆုံးပို့ဆောင်ပေးခဲ့ပြီး စစ်တွေမြို့မှ တစ်ဆင့်  ဘေးသင့်ဒေသမြို့နယ် များအထိ  ဆက်လက်ဖြန့်ဝေပေးလျက်ရှိကြောင်း၊     ပြည်တွင်း/ပြည်ပ အလှူရှင်များအားလုံး၏ ထောက်ပံ့လှူဒါန်း သည့်    ပစ္စည်းများကို ဘေးသင့်သူများလက်ဝယ် အမြန်ဆုံးရောက်ရှိရေးနှင့် လှူဒါန်း ငွေများကို   ဘေးသင့်သူများနှင့် ဘေးသင့်    ဒေသများအတွက် အကျိုးရှိစွာ အသုံးပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အလှူရှင် များအားလုံးကို     နိုင်ငံတော်နှင့် ဘေးသင့်သူများကိုယ်စား ကျေးဇူးတင်ဂုဏ်ယူပါကြောင်းနှင့် လေးစားစွာ မှတ်တမ်းတင်အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီးက   မြန်မာ ငွေကျပ် စုစုပေါင်း  ၁၃၃၉၂၈၁၀၀ နှင့် မြန်မာကျပ်ငွေ  ၂၉၈၄၉၆၈၀  တန်ဖိုးရှိ      ဆေးဝါးများကို ပေးအပ်လှူဒါန်းရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  လက်ခံရယူကာ    ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်