နေပြည်တော်   ဇူလိုင်   ၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့်ဒေသများကို   သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ  ၁၁ အရ သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက် များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။

 

ထိုသို့    ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်   ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ချင်းပြည်နယ် ဟားခါးမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်သည်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ချင်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပြုလုပ်သော မုန်တိုင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်အဆောက်အအုံ ၉၂၆ လုံး အတွက် သွပ်၊ သံ၊ သစ်ထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်အမှာစကားပြောကြားပြီး ပျက်စီးသွားသော    လူနေအိမ်အဆောက်အအုံများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ   မြို့နယ်ပြန်ကြားရေးနှင့်   ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင်   ပြုလုပ်လျက်ရှိသည့် (၇၆) နှစ်မြောက်   အာဇာနည်နေ့အထိမ်းအမှတ် (အကြို) ကဗျာပြိုင်ပွဲနှင့် KG ကလေးငယ်များ ကာယ ညာဏစွမ်းရည်ပြိုင်ပွဲကျင်းပနေမှုကို သွားရောက် ကြည့်ရှုအားပေးပြီး ကလေးငယ်များအား အာဟာရဖြည့်စွက်စာနှင့် ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်သည်။ ယင်းနောက် ပြည်သူ့စာကြည့် တိုက်၌ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှု၊ ထားသိုမှုစနစ်များနှင့် ပြတိုက်ငယ် (MiniMuse) နှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံများ    ပြသထားရှိမှုကို လိုက်လံကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။

 

ထို့အတူ  မြောက်ဦးမြို့သို့   ရောက်ရှိနေသည့် ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ အောင်တပ်ရပ်ကွက်၊   မြောက်ဦး ရွှေမင်းသမီးမွေးမြူရေးခြံရှိ နို့စားနွား၊ ဥစားကြက်နှင့် ဆိတ်များကို   မွေးမြူထားရှိမှုတို့ကို   သွားရောက် အားပေးကြည့်ရှုပြီး   လိုအပ်သည်များ    ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အလားတူ  စစ်တွေမြို့သို့   ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ  ရခိုင်ပြည်နယ်  ဘိုးဘွားရိပ်သာရှိ အဘိုး အဘွားများ၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေး မူလတန်းကြိုကျောင်းရှိ ကလေးငယ်များ၊ ABC မိဘမဲ့ ဂေဟာကျောင်းရှိ ကျောင်းသား ကျောင်းသူ များအား စားသောက်ကုန်ပစ္စည်းများနှင့် ရိက္ခာဆန်အိတ်များကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်