ရန်ကုန် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီနှင့် ဆပ်ကော်မတီ(၄)ခုတို့၏ ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ပြုလုပ်သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က အမှာစကားပြောကြားရာ National Road Safety Committee (NRSC) အနေဖြင့် Road Safety ကိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ပထမအကြိမ် NRSC အစည်းအဝေးကို ကျင်းပခဲ့ပြီး ကောင်စီဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့်၂၀၂၂ ခုနှစ်ကာလနှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုနှင့် သေဆုံး၊ ဒဏ်ရာရရှိသူများ လျော့နည်းကျဆင်းခဲ့ကြောင်း၊ ထပ်မံလျော့နည်းကျကျစေမည့် NRSC ၏ရှေ့လုပ်ငန်း စဉ်များ၊ အစီအမံများ ဖော်ဆောင်နိုင်ရန်နှင့်ထိရောက်သော ပံ့ပိုးမှုများပေးနိုင်ရန် ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ဦးသိန်းထွဋ် က တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ရှင်း လင်းတင်ပြသည်။
ဆက်လက်၍ စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက ကော်မတီအလိုက်လုပ်ငန်းဆောင် ရွက်နေမှုများကိုရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပထမအကြိမ် အစည်းအဝေး လမ်းညွှန်မှာကြားချက်များအပေါ် သက် ဆိုင်ရာဌာနများမှ ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မူးယစ်ပြီးမမောင်းကြရန်၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်းမပြုရန်၊ ကျွမ်းကျင်စွာမောင်းနှင်နိုင်မှ ယာဉ်မောင်းလိုင်စင် ထုတ်ပေးရန်တို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် NRSC ၏ လုပ်ငန်းတာဝန်များ၊ ဆပ် ကော်မတီ (၄)ခု၏ လုပ်ငန်းတာဝန်များ၊ ခရိုင်/မြို့နယ် NRSC များ၏လုပ်ငန်းတာဝန်များ သတ်မှတ်ပေးပြီးဖြစ်သဖြင့် ဆက်လက်၍ယာဉ်တိုက်မှုနှုန်း လျော့ နည်းအောင်လက်တွေ့ကျကျ ပိုမိုတိုးမြှင့်ကာပူးပေါင်းညှိနှိုင်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မြေပြင်တွင်လုပ်ငန်း တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ယခင်ကထက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)