ကဝ ဇူလိုင် ၉

 

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပဲခူး-ကဝ လမ်းမကြီး‌ဘေးတွင်  ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူသူများ တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်ပြီး ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ရောင်းချပေးရာတွင် ကဝမြို့နယ်အတွင်းရှိ ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူသူများက ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)