နေပြည်တော် ဇူလိုင် ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် သော်မှော်ကုန်း ခေတ်မီစံပြကျေးရွာ၊ ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ ဦးစီးဌာနများ၏ ခရိုင်အဆင့်/ မြို့နယ်အဆင့် ရုံးများ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သော်မှော်ကုန်း ခေတ်မီစံပြကျေးရွာ၌ ကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ကမ္ဘာနှင့် တစ်ဝန်း ရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်း ရန် နည်းလမ်းအမျိုးမျိုးရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် အရိုး ရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံး၊ သဘာဝနှင့် လိုက်လျော ညီထွေမှုအဖြစ်ဆုံး လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ခြင်းသည် မိမိတို့ကိုယ်တိုင် စိတ်ချမ်းသာမှုရခြင်း၊ အများအတွက်အကျိုးရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြမည်ဖြစ်သည့်အတွက် သစ်ပင်များစိုက်ပျိုးကြရန်တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များက ကံ့ကော်ပင်များကို ဦးစွာ စိုက်ပျိုးပေးကြပြီး ဝန်ထမ်းများနှင့် ကျေးရွာသူ ကျေးရွာသား များက စိန်ပန်း၊ မယ်ဇလီ၊ ခရေ၊ ငုရွှေဝါ၊ ကြီးမြန်သစ်ပင် ပြည်လုံးချမ်းသာ စသည့်အရိပ်ရနှစ်ရှည်ပင်များကို စုပေါင်းစိုက်ပျိုးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သော်မှော်ကုန်းကျေးရွာ၌ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်နှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေ RBF ဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် ပန်းခရေအဖွဲ့၏ ဝက်မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၌လည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ခရိုင်အဆင့်/ မြို့နယ်အဆင့် ရုံးများ၌လည်းကောင်း ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်၍ စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတွင် ပြည်လုံးချမ်းသာပင် (၅၀၀)၊ ကျွန်းပင် (၁၄၀) ၊ ပျဉ်းကတိုးပင် (၁၅၀)၊ စိန်ပန်းပင် (၂၀)၊ ခရေ (၃၃)ပင်၊ ငုရွှေဝါပင် (၄၀)၊ မယ်ဇလီပင် (၂၀)၊ ကံ့ကော် (၁၀) ပင်နှင့် အခြားအရိပ်ရ (၁၂) ပင်စသည့် အရိပ်ရနှစ်ရှည်ပင် အမျိုးအစား (၁၀)မျိုး စုစုပေါင်း (၉၂၅) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ငါမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆) ရှိ လျှိုပိတ်ဆည်နှင့် မွေးမြူရေးကန်များ၌ကျင်းပရာ ပြည်‌ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၁၀,၀၀၀)၊ ထိုင်းငါးခုံးမသားပေါက်ကောင်ရေ (၁၀,၀၀၀) နှင့် ရွှေရောင် ငါးကြင်းသားပေါက်ကောင်ရေ (၃၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၀,၃၀၀) ကို စိုက်ထည့် မွေးမြူခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်