ရန်ကုန်  ဇူလိုင်  ၁၀


 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ စွယ်တော်မြတ် စေတီလမ်းတစ်လျှောက် မြက်ပင်ချုံနွယ်များခုတ်ထွင် ရှင်းလင်းနေမှု၊ လမ်းဘေးရေနုတ် မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး  အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု၊ လမ်းဝဲ/ယာ သစ်ပင် အောက်တက်များ ရှင်းလင်းနေမှုနှင့် မြက်ဖြတ်ညှိပုံသွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဆ) ရပ်ကွက်၊ သမာဓိလမ်းရှိ သုနန္ဒာချောင်း ရေစီးရေလာကောင်းမွန်စေရေး  ချောင်းအတွင်းရှိ အမှိုက်၊ ဒိုက်၊ ဗေဒါနှင့်နုန်းများကို Excavator ဖြင့် ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး သမာဓိလမ်းဖြတ် Box Culvert တိုးချဲ့တည်ဆောက်ရန်နှင့် ချောင်းစပ်တစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားသည်။

 

အဆိုပါ သုနန္ဒာချောင်း ရေစီးရေလာကောင်းမွန်ခြင်းဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (စ)/(ဆ)/(ဇ)/ (က)နှင့် ဝေဘာဂီရပ်ကွက်များ မိုးသည်းထန်စွာရွာသွန်းချိန် ရေကြီးရေလျှံ မှုမှကာကွယ်နိုင်မည် ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)