စစ်တွေ ဇူလိုင် ၁၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရုံးအဆောက် အဦအား ယာယီအမိုးနှင့် အခြားပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အထူးအလေးထား ကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့တာဝန်ကို ဝန်ထမ်းကောင်းပီသစွာ ကြိုးစားဆောင်ရွက်ကြရန်၊ လုံခြုံရေး ကိစ္စရပ်များကို အထူးဂရုပြုကြရန်နှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအား ပြည်ထောင်စုစိတ်ဓါတ်ခိုင်မာစေရေး ဦးတည်ထား၍ ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားသည်။
(သတင်းစဉ်)