ဇူလိုင် ၁၁
တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘီပြည်နယ်ရှိ အဝေးပြေးလမ်းမဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။
အဆိုပါမြေပြိုမှုသည် ရီချန်မြို့ ယူရှန်ကျေးရွာရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဇူလိုင်လ ၈ ရက် ညနေ ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုမြေပြိုမှုကြောင့် ဆောက်လုပ်ရေးလုပ်သား ကိုးဦး ပျောက်ဆုံးနေပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသတင်းအရ သိရသည်။
ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးနေသူတစ်ဦးကို ဇူလိုင်လ ၁၀ ရက် ညနေ ၅ နာရီ ၅ မိနစ်က ကယ်ဆယ်ရရှိခဲ့သော်လည်း မည်သည့်လက္ခဏာမျှပြသခြင်းမရှိပေ။
ရာနှင့်ချီသောကယ်ဆယ်ရေးသမားများသည် ပျောက်ဆုံးလျက်ရှိသူ ခုနစ်ဦးကိုရှာဖွေရန် စက်ယန္တရားကြီးများနှင့် ကယ်ဆယ်ရေးကိရိယာ ၅၀၀ ကျော်ကိုအသုံးပြုကာ ရှာဖွေကယ်ဆယ်မှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ကယ်ဆယ်ရေးတာဝန်ရှိသူ၏ပြောကြားချက်အရ ယင်းနေရာတွင် ကုဗမီတာ ၅၀၀၀၀၀ ကျော်ရှိ ကျောက်တုံးနှင့်မြေကြီးများ ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို