ဇူလိုင် ၁၁

 

ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း တရုတ်ခရီးသွားဦးရေ ၁၁၄၆၆၃ ဦး လာရောက်ခဲ့သည်ဟု ဖိလစ်ပိုင်နိုင်ငံခရီးသွားဌာန ဒီအိုတီ မှထုတ်ပြန်သောအချက်အလက်အရ သိရသည်။

 

ယခုနှစ်ပထမနှစ်ဝက်အတွင်း တောင်ကိုရီးယားခရီးသွား ၆၇၃၈၄၁ ဦးရောက်ရှိခဲ့ရာ နိုင်ငံအတွင်းတောင်ကိုရီးယားခရီးသွား ဦးရေအများဆုံးလာရောက်ခြင်းဖြစ်ကြောင်း ခရီးသွားအေဂျင်စီက အချက်အလက်ဖော်ပြထားသည်။

 

ဖိလစ်ပိုင်နိုင်ငံသို့ ပထမခြောက်လအတွင်း ဝင်ရောက်သည့်နိုင်ငံခြားခရီးသွား ၂၄၇၀၇၉၈ ဦးရှိရာ တောင်ကိုရီးယားခရီးသွားဦးရေသည် နိုင်ငံအတွင်းဝင်ရောက်သော စုစုပေါင်းခရီးသွားဦးရေ၏ ၂၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

 

ဇန်နဝါရီလမှဇွန်လအထိ ဝင်ရောက်သည့် အမေရိကန်ခရီးသွားဦးရေ ၅၁၆၃၁၈ ဦးရှိရာ ဒုတိယအများဆုံးဖြစ်သည်။ ဩစတြေးလျမှ ခရီးသွား ၁၂၉၇၀၅ ဦး၊ ဂျပန်မှ ၁၂၈၀၈၁ ဦးနှင့် ကနေဒါနိုင်ငံမှ  ခရီးသွား ၁၂၄၅၁၀ တို့ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်ကြသည်။

 

တရုတ်နိုင်ငံအပါအဝင် နိုင်ငံခြားခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖိလစ်ပိုင်နိုင်ငံတွင်းသို့ဝင်ရောက်မှု လွယ်ကူစေရန်အတွက် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်ကာလအတွင်း အီလက်ထရောနစ်ဗီဇာစနစ်ကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ပြီးခဲ့သည့်သီတင်းပတ်ကထုတ်ပြန်ကြေညာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို