ဇူလိုင် ၁၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၈၉ ဦးနှင့် ယင်းရောဂါဖြင့် သေဆုံးသူ သုံးဦးထပ်မံတွေ့ရှိကြောင်း ယမန်နေ့က ဖော်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း ထိုရောဂါဖြစ်ပွားမှုအရေအတွက် အများဆုံး နေ့တစ်နေ့ဖြစ်သည်ဟု သိရသည်။
အဆိုပါရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင်လ ၉ ရက်က ခြောက်ဦးသေဆုံးခဲ့ပြီးနောက် ရောဂါဖြစ်ပွားမှု အမြင့်မားဆုံးနေ့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဌာန၏ပြောကြားချက်အရ ယမန်နေ့က ဒါကာမြို့တော်မှာပင် ယင်းရောဂါဖြစ်ပွားသူ ၅၇၄ ဦးရှိသည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ် ဇူလိုင်လ ၁၀ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၃၈၄၃ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို