မြစ်ကြီးနား ဇူလိုင် ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဘရန်ရှောင် ကချင်ပြည်နယ် တာဝန်ခံသည် ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်တို့နှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် ဧပြီလနှင့် မေလတို့တွင် မှတ်ပုံတင်ခွင့်ရရှိပြီးသော ဒီမိုကရေစီပါတီသစ်(ကချင်) [New Democracy Party (Kachin)] [N.D.P (Kachin)] ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ [TAI-LENG NATIONALITIES DEVELOPMENT PARTY (T.N.D.P)] နှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) [LISU NATIONAL DEVELOPMENT PARTY (L.N.D.P) ] တို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ယနေ့တွင် ကချင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေကို စစ်ဆေးသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင် ကချင် ပြည်နယ်တာဝန်ခံ က မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားရှိသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ဥပဒေအရသတ်မှတ်ထားသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ပြုမိန့် ကျပြီးနောက် ရက်ပေါင်း ၉၀ အတွင်း စုစည်းရမည့်ပါတီဝင်အင်အား ပြည့်မီအောင်စုဆောင်းရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနတို့၏ ဥပဒေညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုချက်တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြု ပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံးများဖွင့်လှစ်ပြီးပါက မြို့နယ်ပါတီရုံးဖွဲ့စည်းမှုများကို စနစ် တကျဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်၊ နိုင်ငံရေးပါတီများရှိ ပါတီဝင်များတွင် ယခင် သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် ဥပဒေနှင့်အညီ သွားရောက်လဲလှယ်နိုင်ရေး ဆောင်ရွက်သွားရန်၊ မြို့နယ် ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှ ပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်မှာကြားရာ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းတင်ပြကြသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အခြေစိုက်သည့် ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီဌာန ချုပ်ကို ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့၊ ချန်းမောအိမ်ရာ (၁၇)၊ အမှတ် (၃) ရပ်ကွက်တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာချက်အမှတ် (၈/၂၀၂၃) ဖြင့်လည်းကောင်း၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက် ရေးပါတီဌာနချုပ်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအုပ်စု၊ အာလဝီ ကုန်းရပ်၊ အလဝ-၁၃ တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၁၂/၂၀၂၃) ဖြင့်လည်းကောင်း၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ပါတီဌာနချုပ်ကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ အမှတ်(၂၃/၁၁၈)တွင် ဖွင့်လှစ်ထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက် အမှတ် (၁၇/၂၀၂၃) ဖြင့်လည်းကောင်း နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်