နေပြည်တော် ဇူလိုင် ၁၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ–၂၀၂၃ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဝင်ဖိတ်ခေါ်ခြင်း အသေးစိတ် အချက်အလက်များကို https://www.ncsc.gov.mm/CAVC2023_RegistrationForm.pdf နှင့် https://www.ncsc.gov.mm/ CAVC2023_Announcement.pdf Link တို့တွင် Download ရယူနိုင်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၂) ဆု ချီးမြှင့်သွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ပထမဆု ရရှိသော Video ဖိုင်ကို ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် Asean – Japan Cybersecurity Awareness Video Competition - 2023 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုပေးပို့ ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ ဝဘ်ဆိုက် www.ncsc.gov.mm သို့ လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၂၂၂၇၂ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)