ဇူလိုင် ၁၃

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သောနာရီအနည်းငယ်အတွင်း ဖြစ်ပွားခဲ့သောယာဉ်မတော်မှုနှစ်ခုကြောင့် အမျိုးသမီးငါးဦးနှင့် ကလေးလေးဦးအပါအဝင် လူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားသောလူအနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း ဇူလှိုင် ၁၁ရက်နေ့ကတရားဝင်သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ပြည်နယ်တွင် ဇူလိုင်လ ၁၀ ရက်နေ့ညပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး တူးမြောင်းအတွင်းထိုးကျခဲ့သဖြင့် လူခုနစ်ဦးသေဆုံးခဲ့သည်။

ထိုဘတ်စ်ကားပေါ်တွင် လူ ၄၀ နီးပါးလိုက်ပါလာကာ ပရာကာဆမ်ခရိုင်ရှိ မင်္ဂလာဆောင်တစ်ခုမှပြန်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဂါဇီရာဘတ်-မီရုတ်အဝေးပြေးလမ်းမပေါ် ဒေလီမြို့အနီးတွင် ကျောင်းကြိုပို့ဘတ်စ်ကားတစ်စီးသည် မျက်နှာခြင်းဆိုင်မှ လာသော ကားတစ်စီးနှင့်မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ခြောက်ဦးသေဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံတွင် နှစ်စဉ်ယာဉ်မတော်တဆမှုများကြောင့် လူ ၁၅၀၀၀၀ နီးပါးသေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို