နေပြည်တော် ဇူလိုင် ၁၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တည်ထားလျက်ရှိသော မာရဝိ ဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်းများအတွက် အလှူငွေ ကျပ်သိန်း ၁၀၀၀ လှူဒါန်းခြင်းနှင့် ရခိုင်ပြည်နယ် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများအတွက် စာသင်ခုံများဝယ်ယူရန် အလှူတော်ငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် အလှူရှင်များက လာရောက်လှူဒါန်းရခြင်း နှင့်စပ်လျဉ်း၍  ရှင်းလင်းပြော ကြားကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း လုပ်ငန်းများအတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ ဦးမောင်မောင်၊ Asia Express Yangon Co., Ltd မိသားစု(ဇမ္ဗူသီရိဟိုတယ်)က အလှူငွေကျပ် သိန်း ၁၀၀၀ ကိုလည်းကောင်း၊ ရခိုင်ပြည်နယ် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် စာသင်ခုံများဝယ်ယူရန် ရွှေဓနအောင်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာစိုးသိန်းက  အလှူတော် ငွေကျပ်သိန်း ၁၆၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်မင်းကျော်သူက အလှူ တော်ငွေ ကျပ်သိန်း ၅၀ နှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ အလှူတော် ငွေကျပ်သိန်း ၃၀ တို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်