ညောင်ဦး  ဇူလိုင်  ၁၄

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရောင်းချလျှက်ရှိသည့် စက်သုံးဆီအ ရောင်းဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးခရိုင်  မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး  ဦးထက်အောင် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် ဒုတိယမီးသတ် ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်ထမ်းများသည် စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မီးဘေး လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများ ကောင်းမွန်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)