ကျောက်ဆည် ဇူလိုင် ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ်လမ်းဦးစီးဌာနမှ ဒေသခံပြည်သူများနှင့် အခြားကုန်သွယ် လုပ်ငန်းများ အချိန်တိုအတွင်း သယ်ယူနိုင်စေရေးအတွက် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ အမှတ်(၂) ခရိုင်ချင်းဆက်လမ်းတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျဉ်းမြောင်း နေသည့်လမ်းပိုင်းများအား (၁၈)ပေအကျယ်အထိ ကတ္တရာတိုးချဲ့ခင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

 

အဆိုပါ အမှတ်(၂) ခရိုင်ချင်းဆက်လမ်းသည် ခရိုင်များအတွင်းရှိ မြို့နယ်များ၊ ကျေးရွာများမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖောက်လုပ်ထားသည့်လမ်းဖြစ်ပြီး လမ်းအသုံးပြုသည့် ပြည်သူများ များပြားသဖြင့် ကတ္တရာတိုးချဲ့ခင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကျဉ်းမြောင်းနေသည့် အမှတ်(၂) ခရိုင်ချင်းဆက်လမ်းပိုင်းအား ကတ္တရာတိုးချဲ့ခင်းပေးခြင်းကြောင့် လမ်းအသုံးပြုသူ ပြည်သူများ၏ ဒေသထွက်ကုန်များ၊ အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ခြင်းကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။       

သက်မောင်(ကျောက်ဆည်)