ဇူလိုင် ၁၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင် ၁၁ ရက်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၅၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ခုနစ်ဦး ထပ်မံသေဆုံးကြောင်း ကျန်းမာရေးဌာနက ဖော်ပြထားသည်။
အဆိုပါရောဂါဖြစ်ပွားမှုသည် ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း ရောဂါဖြစ်ပွားမှုအများဆုံးနေ့တစ်နေ့ဖြစ်လာသည်ဟု သိရသည်။
ယခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားသူ ၁၄၈၉၇ ဦးအထိရှိလာပြီး ယင်းရောဂါဖြင့် သေဆုံးသူ ၈၃ ဦးရှိလာကြောင်း ဖော်ပြထားသည်။
ဇူလိုင်လအတွင်း ယင်းရောဂါဖြစ်ပွားသူ ၆၉၁၉ ဦးရှိပြီး သေဆုံးသူ ၃၆ ဦး ရှိသည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလအတွင်းသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသောရာသီဖြစ်သည်ဟု ကျန်းမာရေးဌာနကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို