နေပြည်တော် ဇူလိုင် ၁၄
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၄ ရက်တွင် မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်း၏ အနောက်မြောက်ဘက် (၁၂)မိုင်ခန့်အကွာ၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရေနံစိမ်း (၁၄၄၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၄၀,၀၀၀)၊ အဆိုပါ ရေနံစိမ်းများ တင်ဆောင်လာသည့် Foton အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ Li-Fan အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)နှင့် မင်းဘူးမြို့၊ မန်းရေနံမြေ၊ ရေနံတွင်းအမှတ်(၅၁၈)တွင်းအနီး၌ တရားဝင် စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် ရေနံစိမ်း (၃၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅,၀၀၀)တို့ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း အပိုင်နယ်မြေ အတွင်း၌ တရားမဝင် နွားထီး(၁၀)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)ကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရလည်းကောင်း၊ ဇူလိုင် ၇ ရက်တွင် ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာတောင်ဘက်၊ ပဲကြီးချောင်းအနီး၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ရေနံစိမ်း (၄၀၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၀၀,၀၀၀)၊ Luojua-110 ဆိုင်ကယ် (၂)စီး၊ Dayang-110 ဆိုင်ကယ်(၂)စီး၊ Trabo ဆိုင်ကယ်(၁)စီးနှင့် Kenbo-110 ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀,၀၀၀)တို့ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ လည်းကောင်း၊ ဇူလိုင် ၁၀ ရက်တွင် မကွေးမြို့၊ ဝင်/ထွက်စစ်ဆေးရေးဂိတ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရေနံဂျိုး (၂၀၀၀၀)ပိဿာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)နှင့် အဆိုပါ ရေနံဂျိုးများ တင်ဆောင်လာသည့် Fuso (၁၂)ဘီး မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀,၀၀၀,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း မကွေးမြို့၊ ပြည်တော် သာလမ်း၊ အောင်ရတနာ ရပ်ကွက်၊ ဒေါ်ခင်ညွန့်ကုန်စုံဆိုင်အနီး၌ လိုင်စင်မဲ့ Toyota Mark II မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဇူလိုင် ၁၁ ရက်တွင် မြို့သစ်မြို့နယ်၊ နေပြည်တော်-မြို့သစ်-ကံပြားလမ်းဆုံ အနီး၌ တရားမဝင် ကျွန်းသစ် (၅.၆၇၂)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၇၄၃,၉၁၆)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Dayun (၆)ဘီး မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် မကွေးမြို့၊ မဲထီးလမ်းနှင့် မြို့ပတ်လမ်း ထောင့်၌ လိုင်စင်မဲ့ Toyota Mark II မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စေတုတ္တရာမြို့နယ်၊ ကျောက်မွဲကျေးရွာအနီး၌ တရားမဝင် သစ်မျိုးစုံ (၂.၀၁၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၅,၇၀၀)နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့် Faw (၆)ဘီး မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို သစ်တော ဥပဒအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅,၉၉၄,၆၁၆)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့က မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်မြစ်ကူးတံတားအနီး၌ လိုင်စင်မဲ့ Toyota Mark II မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဇူလိုင် ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေး-လားရှိုးကားလမ်း၊ မိုင်တိုင်အမှတ်(၂၂)၌ မူဆယ်မြို့မှ မန္တလေး မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ဖော်ပြထားခြင်း မရှိသည့် Fleet Guard - Brand New Two Wheel Tractor Spare Parts-Fuel Filter (၃၇၂)ခု အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၃၂၀,၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Scania Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆,၃၂၀,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၁၁ ရက် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟင်္သာအဝိုင်း(မော်လမြိုင်)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Health Plus ပန်းဝတ်မှုံ ဆေးကဒ် (၃၀၀)ကဒ် အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၅၆၄,၀၀၀)၊ Dino-Saurs တံဆိပ် ခဲတံ (၃၀၀)ဘူး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် (၁,၈၀၀,၀၀၀)၊ Witte Moler Bird Food (၄၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၈၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ သံလွင်တံတား (မော်လမြိုင်)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D (၃၅၅၀) ပုလင်းအပါအဝင် ကုန်ပစ္စည်း (၇)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၁၇၇,၀၀၀)၊ Bingo Star Adult cat Food (၂၀၀)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace Delivery Van (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ Lipovitan-D (၉၅၀) ပုလင်း အပါအဝင် ကုန်ပစ္စည်း (၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၁၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace Delivery Van (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃,၄၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၁ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Paldo Instant Noodle With Black Bean Sauce (၂၃၂၉၉.၂)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၀၇၅,၂၉၁)ကို လည်းကောင်း၊ အင်းတကော် (မိတ်ဆွေကောင်း) ဆီဆိုင်အနီး၌ အထူးစစ်ဆေးရေးအဖွဲ့က မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာ လွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် P.V.C Woven Sheet (၂၇၉၀၀)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉,၂၉၅,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၀၀၀,၀၀၀)နှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ အင်းတိုင်စစ်ဆေးရေးဂိတ်၌ အထူးစစ်ဆေးရေးအဖွဲ့က မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Rosie Bicycle (၂၇၂)စီး အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂,၈၇၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် ထီးတန်းဆိပ်ကမ်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်း မရှိသည့် PE Disposable Raincoat (Printed) Annovia (၂၆၈၄)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁,၇၄၆,၃၄၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၅,၉၈၆,၆၃၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဇူလိုင် ၁၂ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဘားအံမြို့ရှောင်လမ်းနှင့် မော်လမြိုင်-ဘားအံကားလမ်း လမ်းဆုံအနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Sue Sat ဆပ်ပြာမှုန့် ထုပ် (၁၈၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၇၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ဇူလိုင် ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်မှ မော်တော်ယာဉ် (၄)စီးအား ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်ပြီး အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်နှစ်ကောင် ဟင်းသီးဟင်းရွက်ဆီ လီတာ (၃၆၄၀) အပါအဝင် ကုန်ပစ္စည်း(၁၅)မျိုး
(ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈,၇၃၃,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux မော်တော်ယာဉ် (၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈,၇၃၃,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၄ ရက်၊ ၇ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၄၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၅,၃၅၀,၀၄၇)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)