နေပြည်တော်  ဇူလိုင်  ၁၄

 

ရခိုင်ပြည်နယ်  စစ်တွေမြို့နယ်  ဒုံးပြင်တောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ  မုန်တိုင်းသင့်  ဒေသခံပြည်သူများနှင့်  ကျောင်းသား ကျောင်းသူများအား ယနေ့တွင်  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အထူးဆေးကုသရေးအဖွဲ့၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ  နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များက အဆိုပါ ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ   ဆေးကုသရေးအဖွဲ့က  အဆိုပါ ကျေးရွာနှင့်  ပတ်ဝန်းကျင်ကျေးရွာ များရှိ မုန်တိုင်းသင့်ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား အဖျားရောဂါ၊ သွေးတိုး ရောဂါ၊ ဝမ်းပျက်/ဝမ်းလျှောရောဂါ၊   အရိုးအကြောရောဂါ၊  နား၊  နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။ ထို့ပြင် အဆိုပါကျေးရွာအတွင်းရှိ နေအိမ်အဆောက်အအုံအတွင်း    ခြင်ခို အောင်းနိုင်သောနေရာများနှင့် ခြံဝင်းအတွင်း/အပြင်နေရာများကို ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေး ကြသည်။

 

ယင်းသို့  ဆောင်ရွက်နေမှုများကို  တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက    သွားရောက် ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်