နေပြည်တော် ဇူလိုင် ၁၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက စဗျဲလော့်ဗ်စ်ခ်ဒေသ နိုင်ငံတကာစီးပွားရေးဆက်သွယ် ဆောင်ရွက်မှုဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဗျဲချီးစ်လာ့ဖ်ယာရင် ဦးဆောင်သော ဒေသအစိုးရအဖွဲ့ နှင့် တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား ဆောင်ရွက်သွားနိုင်မည့် ပို့ကုန်၊ သွင်းကုန်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် အရေးပါသည့် သံသတ္တုရိုင်းများ ရှာဖွေရေး၊ တူးဖော်ရေး၊ သံမဏိထုတ်လုပ်ရေး ဆိုင်ရာ နည်းပညာများ အထောက်အပံ့ပေးအပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်း များ ဆောင်ရွက်မည့်လုပ်သားများကို နည်းပညာနှင့် ထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်တို့ကို ကျွမ်းကျင်တတ်မြောက်၍ ကိုယ်တိုင်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည်အထိ လေ့ကျင့် သင်ကြားပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ကျောင်းသားများကို ယူရယ်ဒေသရှိ အဆင့်မြင့် တက္ကသိုလ်ကြီးများသို့ ပညာတော် သင်စေလွှတ်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ မိတ်ဖက် နိုင်ငံများအကြား ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် စည်လုံးညီညွတ်မှု ပိုမိုခိုင်မြဲစေသည့် အကြောင်း အရာများနှင့် စဗျဲလော့ဖ်စ်ခ်ဒေသအနေဖြင့် စီးပွားရေး၊ ကုန်သွယ် ရေး သံတမန်များ ခန့်အပ်စေလွှတ်သွားနိုင်မည့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်