ရန်ကုန်    ဇူလိုင်    ၁၄

 

ဂျပန်နိုင်ငံ ဖူကူအိုကာ (Fukuoka)  မြို့တွင် ၂၀၂၃ ဇူလိုင်  ၁၅  ရက်မှ ၂၅  ရက်အထိ   Asia  Pacific Children Convention  (APCC)  က    ကြီးမှူးကျင်းပပြုလုပ်မည့်  “၂၀၂၃     အပြည်ပြည်ဆိုင်ရာ လူငယ်များ နွေရာသီစခန်းချပွဲနှင့်  ယဉ်ကျေးမှုဖလှယ်ပွဲ   (BRIDGE Summer Camp - 2023)   သို့ ပါဝင်    တက်ရောက်ရန်အတွက်  မြန်မာ-ဂျပန်အသင်း  (MJA) မှ ဦးစီး   ရွေးချယ်စေလွှတ်သည့်  Junior Ambassador ကျောင်း သား ကျောင်းသူ   လေးဦး အပါ အဝင်     ကျောင်းသားလူငယ် ခြောက်ဦးသည်   မြန်မာ - ဂျပန် အသင်းအတွင်းရေးမှူးကအုပ်ချုပ် သူအဖြစ်   ဦးဆောင်လိုက်ပါပြီး ဇူလိုင် ၁၄  ရက်  ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်မှ ဂျပန်နိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

 

မြန်မာကျောင်းသား လူငယ်အဖွဲ့သည် အာရှပစိဖိတ်ဒေသ  ၄၁ နိုင်ငံမှ ကျောင်းသားလူငယ်များနှင့်အတူ  စခန်းချပွဲနှင့် ယဉ်ကျေးမှုပွဲတော်သို့    ပါဝင်တက်ရောက်မည်ဖြစ်ပြီး  ဂျပန် မိသားစုများ  နေအိမ်တွင်လည်း Home Stay  အဖြစ် နေထိုင်ကြမည်ဖြစ်သည်။

 

ယဉ်ကျေးမှုပွဲတော်   အခမ်း အနားကို     ဖူကူအိုကာမြို့တွင် ဇူလိုင် ၂၁  ရက်   (သောကြာနေ့)ဒေသစံတော်ချိန်  ၁၄:၃၀  နာရီ  (မြန်မာစံတော်ချိန် ၁၂:၀၀ နာရီ)  တွင် ကျင်းပမည်ပြီး YouTube မှ  တိုက်ရိုက်ထုတ်လွှင့်  (Live) မည် ဖြစ်ရာ  မြန်မာလူငယ်အဖွဲ့သည် အမှတ်စဉ်(၁၁) အဖြစ် မြန်မာစံတော်ချိန်   ၁၃:၁၀   နာရီတွင် ဖျော်ဖြေ ကပြရမည်ဖြစ်ကြောင်း    သိရသည်။

သတင်းစဉ်