နတ်မောက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ  ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ပြတိုက်အတွင်း/အပြင်ရှိ ခြုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ပြီး ယင်းသို့ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊  မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်း ၁၂၀ တို့က စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း