မြိတ် ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ပြည်သူများ အပန်းဖြေ သွားလာဆောင်ရွက်လျက်ရှိသည့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာ လှပရေးအတွက် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ကမ်းနားလမ်းတစ်လျှောက်နှင့် ကမ်းနားရေပြင် တစ်လျှောက်တို့တွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက အမှိုက်များ ကောက်ယူ ရှင်းလင်းဆောင်ရွက်ခြင်းနှင့် အမှိုက်များ စွန့်ပစ်ခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။

ပြည်သူများ အပန်းဖြေ သွားလာလျက်ရှိသည့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး အမှိုက်ရှင်းလင်း ဆယ်ယူခြင်း၊  ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သတိပေးဆိုင်းဘုတ် စိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးသောင်းအေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)