မိတ္ထီလာ ဇူလိုင် ၁၅

မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ နှင့် အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက အထက(၁)ခန်းမတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ၌  ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၃၈ ဦးနှင့် အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ရှစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)