ရသေ့တောင် ဇူလိုင် ၁၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်းကို ရသေ့တောင်မြို့နယ်၊ ပြင်ခေါင်ကျေးရွာနှင့် ရွာသစ်ကေကျေးရွာတို့မှ ဒေသခံပြည်သူများအား အသုံးအဆောင်ပစ္စည်းများ၊ ကလေးအဝတ်အထည်များ၊ သောက်ရေသန့်များ၊ ခေါက်ဆွဲခြောက်နှင့် ကြက်အူချောင်းများကို ကြက်ခြေနီ ဝန်ထမ်းများနှင့် ဒေသခံကြက်ခြေနီ စေတနာလုပ်အားရှင်များက ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက သွားရောက်ထောက်ပံ့သည်။

ထိုသို့ထောက်ပံ့ပေးဝေရာတွင် အဆိုပါကျေးရွာများမှ အိမ်ထောင်စု ၁၇၉ စုအတွက် မိသားစုသုံးပစ္စည်း ၁၀၃ ပုံး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း ၁၇၉ ပုံး၊ အမျိုးသား တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း ၁၆၉ အိတ်၊ အမျိုးသမီး တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း အိတ် ၁၈၀၊ တာပေါ်လင် ၁၅၂ ချပ်၊ ခြင်ထောင် ၇၆ လုံး၊ စောင် ၇၆ ထည်၊ မီးဖိုချောင်သုံး ပစ္စည်း ၇၆ ပုံး၊ ဆပ်ပြာ ၁၇၉ တောင့်၊ ကလေး(၁နှစ်ခွဲမှ၂နှစ်ခွဲ) အဝတ်အထည် ၂၆ ထုပ်၊ လက်သမားသုံး အိမ်ဆောက်ပစ္စည်း ၅၂ အိတ်၊ ၂၀ လီတာဆံ့ သောက်ရေထည့်ပုံး ၂၅၉ ပုံး၊ တစ်လီတာ(၆)ဘူးပါ သောက်ရေသန့် ၁၇၉ ကတ်၊ ခေါက်ဆွဲခြောက် အထုပ် ၁၇၉၀၊ ကြက်အူချောင်း ၁၇၉ ထုပ်တို့ကို ထောက်ပံ့ကူညီပေးခဲ့ပြီး ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် သန့်လေးသန့် ကျန်းမာရေး အသိပညာပေးခြင်းများကို ပြုလုပ်ခဲ့သည်။

ရသေ့တောင်(ပြန်/ဆက်)