နေပြည်တော် ဇူလိုင် ၁၅
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ထန်းတပင်တောရကျောင်းတိုက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ရန်အောင်မြင်တိုက်သစ် ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မဟာသုဗောဓါရုံကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ထူပါဇေယျုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋက စိန်ရွှေဖူးကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်ရာဇာပရိယတ္တိစာသင်တိုက်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ ကျွန်းကလေးပရိယတ္တိကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မဟာဓမ္မိကာရာမကျောင်းတိုက်နှင့် အမပူရမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ပဲခူးပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်ရှိ ဇေယျမင်္ဂလာကျောင်းတိုက်၊ ရှမ်းပြည်နယ် လားရှိုးမြိုနယ်ရှိ ခါးရိုး ပရိယတ္တိစာသင်တိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ အောင်မြေဘုံသာကျောင်းတိုက် တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်