ဇူလိုင် ၁၆
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် အောအိန္ဒိယရေဒီယိုအသံလွှင့်ဌာနက ဇူလိုင်လ ၁၄ ရက်က ပြောကြားသည်။
အဆိုပါပြည်နယ်တွင် ဇူလိုင်လ ၁၃ ရက်က မိုးသည်းထန်စွာရွာသွန်းကာ မိုးခြိမ်းမှုများဖြစ်ပေါ်ပြီး မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့သည်။
အိန္ဒိယမိုးလေဝသဌာနက လာမည့်ရက်များအတွင်း ဘီဟာပြည်နယ်အရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည်။ မိုးရွာသွန်းနေစဉ်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်းမပြုကြရန် ပြည်သူများအား သတိပေးပြောကြားထားသည်။
၂၀၂၂ ခုနှစ်က နိုင်ငံတစ်ဝန်းတွင် မိုးကြိုးပစ်မှုများကြောင့် လူ ၉၀၇ ဦး သေဆုံးခဲ့ကြောင်း တရားဝင်ထုတ်ပြန်သောအချက်အလက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို