နေပြည်တော် ဇူလိုင် ၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က သတင်းအရ မန္တလေး-လားရှိုး ကားလမ်း၊ မိုင်တိုင်အမှတ်(၂၃)မိုင် (၆)ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးအားစိစစ်၍ မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  သွင်းကုန်ကြေညာလွှာတွင်  ကြေညာထားသည်ထက်  ပိုမိုပါရှိလာသည့် PVC Reflective Sticker(၁၂၀၉၁)ကီလိုဂရမ်၊ Printer Spare Part Opc Drum (၉၄၅)ခု၊ DELL Core i5 Laptop (၅၀)လုံး အပါအဝင် ကုန်ပစ္စည်း(၁၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၇,၇၆၁,၂၃၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Nissan Diesel Tractor Head(၁)စီး၊ Mitsubishi Fuso Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၂)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂,၇၆၁,၂၃၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

            အလားတူ ဇူလိုင် ၁၄ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာန ပါဝင်သော ပူးပေါင်းအဖွဲ့က မူဆယ်မြို့၊ ဆင်ဖြူစစ်ဆေးရေးဂိတ်၌ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော မော်တော်ယာဉ်များအား ရှောင်တခင် သွားရောက်စစ်ဆေးခဲ့စဉ် ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ  စစ်ဆေးတွေ့ရှိသဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် CCTV Camera(၂၃)လုံး အပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၅၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်)၌ ကုန်စည်(၁)ခုအတွင်းမှ သွင်းကုန်လိုင်စင်မရရှိမီလေဆိပ်သို့ ကြိုတင်ရောက်ရှိသည့်ရက် (၆၁)ကျော်လွန် သည့်  Blower Spare Parts ဖြစ်သော SIDEL Halogen Lamp (၁၀)ခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၀၈၉,၆၈၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အပြင် ဇူလိုင် ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် ဝေါမြို့မရဲစခန်းမှ ဒု-ရဲအုပ် ဦးဆောင်သောအဖွဲ့က သတင်းအရ မော်တော်ယာဉ်(၁)စီးအား ညောင်ခါးရှည် X-Ray စက်၌ စိစစ်၍ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ ပူးပေါင်းအဖွဲ့စုံဖြင့် အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော SMART Fabric Softener (၄၉)ဖာအပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၇၃၄,၄၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်သော Mitsubishi Canter Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၇၃၄,၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇူလိုင် ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၃,၆၃၅,၃၁၇)ဖြစ်ကြောင်း တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)