ငရုတ်ကောင်း ဇူလိုင် ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ အထကတွင် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီစွမ်းရည်ပြိုင်ပွဲကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ငရုတ်ကောင်းမြို့ အထကရှိ ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

 

(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီစွမ်းရည်ပြိုင်ပွဲများတွင် အခြေခံပညာ အထက်တန်းအဆင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ငရုတ်ကောင်း(ပြန်/ဆက်)