ကျောက်ဆည် ဇူလိုင် ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် သုံးနှစ်ဆက်တိုက် ပထမတံခွန်စိုက် ဆုဖလားရရှိခဲ့သည့် ကျောက်ဆည်ခရိုင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲပြုလုပ်ခဲ့သည်။

 

ဂုဏ်ပြုပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက အမှာစကားပြောကြားပြီး  သုံးနှစ်ဆက်တိုက် ပထမ တံခွန်စိုက်ဖလား ရရှိခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး အလယ်တန်းဆု၊ အကောင်းဆုံး နောက်တန်းဆုနှင့် အကောင်းဆုံး ဂိုးသမားဆုရရှိခဲ့သည့် အားကစားသမားများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက အသက်(၁၉)နှစ်အောက် ကျောက်ဆည်ခရိုင် အမျိုးသမီးဘောလုံးအသင်းကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)